Thursday, January 19, 2012

ဗိုလ်ချုပ်ခင်ညွန့်၏ ဘ၀ခရီးမှတ်တိုင်














          ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်း ဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေ၀င်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိ သဘောကျသွားသဖြင့် အနားသို့ခေါ်ထားရာမှ မမျှော်လင့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၂၅ ကိုတက်ရောက်ကာ ရာထူးအလွန် အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံ့ရေးမျိုး ရှိခဲ့ကြသည်။

          မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ

       အမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့်  (ခ) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အရေအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။

          နိုင်ငံခေါင်းဆောင်ကာလ

      ၁၉၈၈ အရေးအခင်းနောက် ၁၈-၁၀-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-၀-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-၀-တ အဖွဲ့၏ အတွင်းရေးမှူး(၁)အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည။ ၄င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။ ၄င်းနောက် ၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၄င်းဧ။် ထောက်လှမ်းရေး အင်းအားစုကြီးကို တိုးချဲ့လာခဲ့သည်။ ၁၉၉၇တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ သြဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

       ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂၀၀၃) ရက်နေ့မှ (၁၈-၉-၂၀၀၄) ရက်နေ့အထိ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် နဝတနအဖ အစိုးရခေတ်တွင် သြဇာအကြီးမားဆုံး ဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော်ထောက်လှမ်းရေး မှူးချုပ် (ကကလှမ်း)၊ စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှုး နှင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ သူ၏လက်ထက် တွင် ပြီးပြည့်စုံသော ထောက်လှမ်းရေး ကွန်ယက် ကိုထူထောင်နိုင်ခဲ့သည်။ နံရံတိုင်းတွင် နားရှိသည် ဟူသောဆောင်ပုဒ်နှင့် အညီ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
   နိုင်ငံတော် အစိုးရ အဆက်ဆက်အား လက်နက်ကိုင် တိုက်ခိုက်ခဲ့သော သောင်းကျန်းသူအဖွဲ့ (၂၀)ကျော်နှင့်  ငြိမ်းချမ်းရေး ဆောင်ရွက်ပေးခဲ့သည်။


    ၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၉၀- ခုနှစ်ကျော် နှစ်များ နောက်ပိုင်းအထိ ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ဗိုလ်ချုပ်ကြီးနေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။ ပြည်တွင်းရှိ လူထုလူတန်းစား အလွှာ အသီးသီး ကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် အခြားအာဏာ သိမ်းခေါင်း ဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ -

  1. လူထုမြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း
  2. ၀ါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန် ထိရောက်ခြင်း
  3. ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အ၀မဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်း ပေးခြင်း ဟုဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချ တတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
အိမ်ထောင်ရေး

        ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် အိမ်ထောင်ကျပြီး သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် Bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။

         ဒေါ် အောင်ဆန်းစုကြည် လုပ်ကြံခံရသည့် ဒီပဲရင်း အရေး အခင်းအပြီး ၂၀၀၃ ခု သြဂုတ်လ တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့် ကို ကြေငြာခဲ့သည်။ အာစီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများ အကြားမြန်မာနိုင်ငံနှင့် ၄င်း၏ စစ်အစိုးရ ၀င်ဆံ့နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ 
      ၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ ရပြီး ရုံးတင်တရားစွဲဆို ခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ်၄၄နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ၎င်း၏ ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်း၍ ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ်ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ် သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော်တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီးခင်အောင်အပါအ၀င် ၎င်းထောက်လှမ်းရေးအရာရှိကြီး ၃၈ဦးကို အကျင့်ပျက်ခြစားမှု များနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀မှ နှစ်၁၀၀ကျော် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။
  သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အရ ၂ဝ၁၁ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် သတင်းထောက် များနှင့် စကားပြောစဉ် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို အကောင်းမြင်ကြောင်း ပြောပြီး သူ့အနေနှင့် တိုင်းပြည်အတွက် တတ်စွမ်းသမျှ ဆောင်ရွက်မှာ ဖြစ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း ပြောခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က... သူတစ်ချိန်က ချမှတ်ခဲ့တဲ့ နိုင်ငံရေး လမ်းပြမြေပုံ ၇ ဆင့် ပြီးမြောက်အောင်မြင်မှု နဲ့ အတူ နှစ်ပေါင်း ၆ဝ ကျော် အကြာမှာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံးနဲ့ အပစ်အခတ် ရပ်စဲနိုင်မှုတွေဟာ အင်မတန် ကောင်းမွန်ကြောင်း သတင်းထောက်တွေကို ပြောခဲ့သည်။
     ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို အမိန့်မနာခံမှုနဲ့ ၂ဝဝ၅ ခုနှစ်မှာ ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခဲ့ပါတယ်။ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ သားအကြီး ဒု-ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ သားအငယ် ဒေါက်တာရဲနိုင်ဝင်း၊ သမီး မသင်းလဲ့လဲဝင်းနဲ့ သမက် ဦးတင်ထွတ် တို့လည်း နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီး ရာနဲ့ ချီတဲ့ ထောက်လှမ်းရေး အရာရှိတွေ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။


 

No comments:

Post a Comment