Saturday, May 19, 2012

“တို့ ညီနောင်”





အရှေ့ ကို မျှော်မှန်းတော့
မော်ရှမ်းတောင်ထွေထွေ
လိုင်းထလို့ နေ ။
တောင်ခိုးရယ်ဝေ
တောင်ခြေကမြူတန်း
ဖွားစော မာယာဆင်လို့ 
ပုဂံရှင် တောင်ခန်းပန်းမှာ
စည်းရသင်္ကန်း။

အနောက်ကိုတဲ့ မျှော်ပြန်လျှင်
ပုပ္ပားဆို တောင်မြင့်ချွန်း
လွမ်းစေတီ့သွင် ။
ကိုယ်ထီးငယ်ထင်
လွင်ပြင်၌ မတ်မား။

ယက္ခ မောင်မယ်ကြင်နဲ့ 
စကားလှော် ရွှေစင်နဲ့ 
ခြေလျင်ကို တောင်ထွတ်ဖျားမှာ
ပန်းလက်ဆောင်ပါး ။

မော်ရှမ်းက အပြာရောင်
ပုပ္ပားဆို တောင်မြင့်ကျိုင်း
မှောင်းညိုလို့  မှောင် ။
တို့ ညီနောင် လယ်ခေါင်က နေနား။

နောင်လည်း မျှော်တော်ယောင်နဲ့ 
ညီလည်း မျှော်တော်ယောင်နဲ့ 
သည်နှစ်တောင် တောင်စပ်ကြားမှာ
လွမ်းဖွယ်ကများ။

ဇော်ဂျီ ( ၁၉၃၆ )


ရင်ခွငိသစ်  Photo  မှ ကူးယူဖော်ပြပါသည်...

No comments:

Post a Comment